Eleven Media Group

ဘာလူစကိုနီ ပိုင်ဆိုင်တဲ့ မွန်ဇာအသင်းကို အမေရိကန်ကုမ္ပဏီ ဝယ်ယူ

Photo: X

အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီမိသားစု ပိုင်ဆိုင်တဲ့ မွန်ဇာအသင်းကို အမေရိကန်ကုမ္ပဏီ Beckett Layne Ventures(BLV) က ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
မွန်ဇာအသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ စီးရီးအေကနေ စီးရီးဘီကို တန်းဆင်းခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။
အသင်းတည်ထောင်မှု နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိနေတဲ့ မွန်ဇာအသင်းကို BLV ကုမ္ပဏီက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဝယ်ယူဖို့ နီးစပ်ခဲ့တာဖြစ်ပြီး မနေ့က အရောင်းအဝယ်ကိစ္စ အပြီးသတ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
BLV က အသင်းရဲ့ရှယ်ယာ (၈၀)ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ဘာလူစကူနီရဲ့ကုမ္ပဏီက (၂၀)ရာခိုင်နှုန်း ပိုင်ဆိုင်ထားပေမဲ့ အဲဒီ(၂၀)ရာခိုင်နှုန်းကိုလည်း လာမယ့်နှစ်ဇွန်လမှာ ထပ်မံလွှဲပြောင်းပေးရမယ်လို့ သိရပါတယ်။
BLV က ဂယ်လီယာနီကို အသင်းဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဂယ်လီယာနီက ငြင်းပယ်ခဲ့ပြီး ဘာလူစကိုနီကတော့ အသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ဆက်ရှိသွားမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group