Eleven Media Group

ဘွန်ဒစ်လီဂါ၊ ပြင်သစ်လိဂ်နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

ဘိုင်ယန်မြူးနစ် နှင့် ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီ ပြိုင်ပွဲစုံမှာ ရာနှုန်းပြည့် နိုင်ပွဲရထားတယ်။ ခုနစ်ပွဲမှာ လေးပွဲက ဂိုးပြတ်ရလဒ်တွေ ရယူထားနိုင်သလို တိုက်စစ်ကလည်း ၂၆ ဂိုးအထိ သွင်းယူထားတယ်။ အဲဒီဂိုးတွေထဲမှာ ဟာရီကိန်းက ၁၃ ဂိုးအထိ သွင်းယူပေးထားပြီး ခံစစ်ပိုင်းကလည်း တစ်ပွဲပျမ်းမျှ တစ်ဂိုးနှုန်းပဲ ခွင့်ပြုထားရလို့ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီနေတယ်လို့ ဆိုရမယ်။ ၀ါဒါဘရီမင်အသင်းကတော့ ပြီးခဲ့တဲ့ရာသီလောက် မာကျောမှုမရှိတော့ဘဲ ရာသီအစမှာ ရုန်းကန်နေရတယ်။ လေးပွဲအပြီးမှာ လေးမှတ်ပဲရထားပြီး တန်းဆင်းဇုန်နားကပ်နေတယ်။ ဘိုင်ယန်မြူးနစ်အသင်းပဲ နိုင်ပွဲဆက်ဦးမှာဖြစ်ပြီး ဂိုးလည်း ပြတ်လိမ့်မယ်။

စထရာဘိုး နှင့် မာဆေးလ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)

အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုဖြစ်ပြီး မာဆေးလ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ ကိုတောင် အနိုင်ယူထားတာပါ။ ဒါပေမဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ အဝေးကွင်း(၃)ပွဲစလုံးရှုံးထားပြီး စထရာဘိုးက အိမ်ကွင်းနှစ်ပွဲဆက် အနိုင်ရထားပါတယ်။ စထရာဘိုးကွင်းမှာလည်း ရုန်းကန်ရလေ့ရှိတာကြောင့် အိမ်ရှင်ကို ပိုကြိုက်ပါတယ်။

ဂျီရိုနာ နှင့် အက်စ်ပန်ညို (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)

ဂျီရိုနာက လာလီဂါမှာ နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့အသင်းဖြစ်ပြီး အက်စ်ပန်ညိုက အဆင့်(၄)နေရာမှာ ရှိနေပါတယ်။ ဂျီရိုနာရဲ့ လက်ရှိခြေစွမ်းက ပြန်လာနိုင်ဖို့ မလွယ်သေးပေမဲ့ အက်စ်ပန်ညိုနဲ့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ ဒီပွဲလည်း သရေရလဒ် ထွက်ပေါ်နိုင်ပါတယ်။

မူရင်းသတင်း — Eleven Media Group