Eleven Media Group

အီတလီနောက်ခံလူ လီယွန်နီ တစ်နှစ်ဝန်းကျင် အနားယူရမယ်လို့ အာနယ်ဆလော့ အတည်ပြု

Photo: X

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အီတလီနောက်ခံလူ လီယွန်နီအနေနဲ့ တစ်နှစ်ဝန်းကျင် အနားယူရမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
လီယွန်နီဟာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာက ပြင်းထန်လွန်းတာကြောင့် အခုလို အခြေအနေ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
လီယွန်နီဟာ အဲဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ပထမဆုံးအကြိမ် ကစားခွင့်ရရှိတာဖြစ်ပြီး ဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
သူ့ရဲ့ဒဏ်ရာက နေရာကောင်း မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒူးအရွတ် စုတ်ပြဲသွားတာကြောင့်ဖြစ်ပြီး အဓိပ္ပာယ်ကတော့ တစ်နှစ်လောက် အနားယူရတော့မှာပါ လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။
လီယွန်နီ(၁၈ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီမှာမှ ပါးမားကနေ လီဗာပူးလ်ကို ပေါင်(၂၆)သန်းနဲ့ ပြောင်းရွှေ့လာပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူပါ။

မူရင်းသတင်း — Eleven Media Group