
မန်စီးတီးအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား ဆယ်ဗင်ညိုကို ၂၀၃၁ အထိ သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဆယ်ဗင်ညိုရဲ့ လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမဲ့ မန်စီးတီးအသင်းက လစာနှုန်းထားအသစ်နဲ့ ၂၀၃၁ အထိ သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။
ဆယ်ဗင်ညို(၂၁ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ထရွိုင်စ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာသူဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီနှစ်နွေရာသီမှာ ခေါ်ယူလိုတဲ့အသင်းတွေ ရှိခဲ့ပြီး စပါးအသင်းနဲ့ ဆွေးနွေးဖို့တောင် စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး အခု သက်တမ်းထပ်တိုးနိုင်တော့မှာဖြစ်ပါတယ်။