Eleven Media Group

■ ပရီးမီးယားလိဂ် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

Photo: Man City

◘ ဘရန့်ဖို့ဒ် - မန်ယူနိုက်တက် (ညနေ ၆ နာရီ)

ဘရန့်ဖို့ဒ်အသင်းက အိမ်ကွင်းမှာ မန်ယူနိုက်တက်အသင်းကို သုံးရာသီဆက်တိုက် မရှုံးအောင် ကစားထားနိုင်တယ်။ ဒါပေမဲ့ သောမတ်စ်ဖရန့်ခ်မရှိတော့တဲ့ ဘရန့်ဖို့ဒ်အသင်းက တန်းဆင်းဇုန် နားကပ်နေလို့ မန်ယူနိုက်တက်အသင်း နည်းပြ အာမိုရင်မ်
လက်ထက် ပထမဆုံးအကြိမ် နိုင်ပွဲဆက်ဖို့ရှိနေတယ်။

◘ ချယ်လ်ဆီး - ဘရိုက်တန် (ည ၈ နာရီခွဲ)

လိဂ်ဖလားပွဲမှာ တစ်သင်းလုံးနီးပါး အပြောင်းအလဲလုပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်း နိုင်ပွဲပြန်ရခဲ့ပြီး ဘရိုက်တန်ကလည်း အဝေးကွင်းမှာ ဂိုးဒါဇင်ဝက်သွင်းယူနိုင်ခဲ့တယ်။ ဒီနှစ်သင်းတွေ့ရင် ဂိုးမြူးတတ်ပြီး ချယ်လ်ဆီးအသင်း (၂-၁)လောက်နဲ့ အနိုင်ရမယ်။

◘ ခရစ္စတယ်ပဲလေ့စ် - လီဗာပူးလ် (ည ၈ နာရီခွဲ)

ရာသီကြို ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပဲလေ့စ်အသင်းက လီဗာပူးလ်ကို ပယ်နယ်တီနဲ့ အနိုင်ရထားတယ်။ လီဗာပူးလ်က နိုင်ပွဲဆက်နေပေမဲ့ One Goal Margin ထက်ပိုတဲ့ပွဲ တစ်ပွဲပဲရှိပါတယ်။ ပဲလေ့စ်ရဲ့ ကစားပုံ၊ တုံ့ပြန်မှုက အားကောင်းလို့ အိမ်ကွင်းမှာ
အမှတ်ခွဲယူသွားနိုင်တယ်။

◘ မန်စီးတီး - ဘန်လေ (ည ၈ နာရီခွဲ)

အာဆင်နယ်နဲ့ပွဲမှာ နည်းဗျူဟာပိုင်းမှားယွင်းပြီး ခံစစ်ပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် မန်စီးတီးအသင်း နိုင်ပွဲပျောက်ခဲ့ရတာပါ။ တန်းတက်ဘန်လေက အိမ်ကွင်းရှုံးပွဲကြောင့် လိဂ်ဖလားက ထွက်ခဲ့ရပါပြီ။ မန်စီးတီး နိုင်ပွဲပြန်ယူမယ့်ပွဲဖြစ်ပြီး
ဂိုးပြတ်နိုင်တယ်။

◘ စပါး - ဝုလ်ဗ် (စက်တင်ဘာ ၂၈ ရက် နံနက် တစ်နာရီခွဲ)

ဝုလ်ဗ်အသင်းက ပွဲတိုင်းရှုံးထားပြီး ဇယားအောက်ဆုံး ရောက်နေတယ်။ စပါးအသင်းကတော့ မထင်မှတ်တာတွေ ဖြစ်ထားပေမဲ့ ရာသီအစ ရလဒ်ကောင်းနေတယ်လို့ပဲ ပြောရမယ်။ စပါး အနိုင်သေချာပါတယ်။

◘ အခြားပွဲစဉ်များ

လိဒ်စ် - ဘုန်းမောက်
နော်တင်ဟမ် - ဆန်းဒါးလန်း

မူရင်းသတင်း — Eleven Media Group