Eleven Media Group

■ စီးရီးအေ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

Photo: Juventus

◘ ဂျူဗင်တပ်စ် - အတ္တလန်တာ (ည ၁၀ နာရီခွဲ)

စီးရီးအေမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းနှစ်သင်း တွေ့ဆုံကြတာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့နိုင်ပွဲဆက်နေမှု နောက်ဆုံးပွဲမှာ ရပ်တန့်ခဲ့ရတယ်။ အတ္တလန်တာကတော့ နှစ်ပွဲဆက် အနိုင်ကစားထားတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း အတ္တလန်တာအသင်း ဂျူဗင်တပ်စ်ကို
တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တယ်။ အတ္တလန်တာ အမှတ်ရနိုင်တယ်။

◘ ကာဂလီယာရီ - အင်တာမီလန် (စက်တင်ဘာ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

ကာဂလီယာရီအသင်းက ရာသီအဖွင့် လေးပွဲမှာ ခုနစ်မှတ်ရထားတယ်။ အင်တာအသင်းအဖို့ မဖြစ်မနေ အနိုင်ကစားမယ့်ပွဲဖြစ်ပေမဲ့ လက်ရှိခြေစွမ်းအရ မျှော်လင့်ချက် သိပ်ထားလို့ မရသေးဘူး။ အင်တာ ဂိုးမပြတ်နိုင်ဖို့ အိမ်ရှင်ပဲ ကြိုက်တယ်။

◘ အခြားပွဲစဉ်

ကိုမို - ခရီမိုနီဆီ*

မူရင်းသတင်း — Eleven Media Group