
◘ မိန့်ဇ် - ဒေါ့မွန် (ည ၈ နာရီ)
ဒေါ့မွန်အသင်းက နောက်ဆုံး သုံးပွဲဆက် အနိုင်ကစားထားသလို၊ Clean Sheet တွေလည်း ရထားတယ်။ မိန့်ဇ်ကွင်းမှာတော့ နောက်ဆုံးနှစ်ရာသီဆက် အရေးနိမ့်ခဲ့ရတယ်။ ဒါပေမဲ့ ရလဒ်ကောင်းနေတဲ့ ဒေါမွန်ကိုပဲ ရွေးချယ်ချင်တယ်။
◘ ဆန့်ပေါ်လီ - လေဗာကူဆင် (ည ၈ နာရီ)
လေဗာကူဆင်အနေနဲ့ နည်းပြသစ်လက်ထဲမှာလည်း အလားအလာမကောင်းသေးဘူး။ ဆန့်ပေါ်လီကတော့ ရာသီအစမှာ မမျှော်လင့်ဘဲ အခြေအနေကောင်းနေတယ်။ ဒီတစ်ပွဲတော့ လေဗာကူဆင် အနိုင်ကစားမယ်ထင်တယ်။
◘ လော်ရီယန့် - မိုနာကို (ည ၉ နာရီခွဲ)
မိုနာကိုအသင်းက ဇယားထိပ်ဆုံးမှာ မာဆေးလ်၊ PSG၊ လိုင်ယွန်တို့နဲ့အတူ ၁၂ မှတ်စီ အပြိုင်ဖြစ်နေတယ်။ လော်ရီယန့်အနေနဲ့ အိမ်ကွင်းအားသာချက်ပဲ ရှိပါတယ်။ မိုနာကိုဘက်ကပဲ ရပ်တည်သင့်တယ်။
◘ PSG - အော်ဇေး (စက်တင်ဘာ ၂၈ ရက် နံနက် ၁း၃၅ နာရီ)
PSG အသင်း မာဆေးလ်ကို အရေးနိမ့်ပြီး ရှုံးပွဲစတွေ့ခဲ့ရတယ်။ အခုပွဲတော့ အိမ်ကွင်းမှာ ဂုဏ်သိက္ခာ ပြန်အဖတ်ဆယ်မယ်ထင်တယ်။ PSG သုံးဂိုးလောက် ပြတ်လိမ့်မယ်။
◘ ဘွန်ဒစ်လီဂါ အခြားပွဲစဉ်များ
*ဟိုင်းဟိုင် - အော့စ်ဘတ်
*ဝုလ်ဖ်ဘတ် - လိုက်ပ်ဇစ်
*မိုချန်ဂလာဘတ် - ဖရန့်ဖတ်
◘ လီဂူး အခြားပွဲစဉ်
တူးလူး - နန့်စ်*