
နယူးကာဆယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗော်လ်တာမာဒီက အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်ရဲ့ တောင်းပန်မှုကို လက်မခံခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ဗော်လ်တာမာဒီနဲ့ ဂါဘရီယဲလ်တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ အကြိိမ်ကြိမ်ရှိခဲ့ပြီး ဂါဘရီယဲလ်က ဗော်လ်တာမာဒီရဲ့ မျက်နှာကို လက်နဲ့တွန်းထိုးခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်။
ဗော်လ်တာမာဒီကတော့ ဂါဘရီယဲလ်က သူ့မျက်နှာကို တံတောင်နဲ့တွက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ပြန်လည်တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။
''သူ့တံတောင်က ကျွန်တော့်မျက်နှာနဲ့ နှစ်မီတာအကွာလောက်ကို ရောက်လာတယ်လို့ ခံစားရပါတယ်။ သူ့လက်မောင်းက တကယ်ကို မြင့်နေခဲ့ပါတယ်။ ဒါကြောင့် ဒိုင်လူကြီးကို ပြောပြခဲ့တာဖြစ်ပြီး ဒီအခြေအနေမှာ ကျွန်တော်က လှဲချတတ်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ သူက ပြန်တောင်းပန်ခဲ့တာကြောင့် ကျွန်တော့်မျက်နှာကို သူ ထိုးနှက်ခဲ့တယ်ဆိုတာ သူ သိတယ်လို့ ထင်ပါတယ်။ တောင်းပန်တာကို ဘာကြောင့် လက်မခံတာလဲဆိုတော့ တစ်ခုခုလုပ်ပြီးမှ ပြန်တောင်းပန်တာမျိုးကို ကျွန်တော် သဘောမကျတာကြောင့်ပါ'' လို့ ဗော်လ်တာမာဒီက ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ ဗော်လ်တာမာဒီက ဦးဆောင်ဂိုး သွင်းယူခဲ့ချိန်မှာ ဂါဘရီယဲလ်ကို တွန်းခဲ့တာကြောင့် နှစ်ဦးကြား အခြေအနေတင်းမာခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။
အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ အနိုင်ဂိုးသွင်းခဲ့တဲ့ ဂါဘရီယဲလ်က ရရှိခဲ့ပါတယ်။