Eleven Media Group

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: Opta

အဲဗာတန် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

နည်းပြသစ် နူနိုဆန်တိုရဲ့လက်အောက်မှာ ဝက်စ်ဟမ်းအသင်း ဘာတွေပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမဲ့ မြန်မြန်ဆန်ဆန်ကြီးတော့ ထူးခြားမသွားနိုင်သေးပါဘူး။ ဒါပေမဲ့ အဲဗာတန်ကလည်း ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၂)ပွဲဆက်ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းအသင်း သရေမျှော်လင့်နိုင်ခြေ ရှိပါတယ်။

ပါးမား နှင့် တိုရီနို (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

ပါးမားက တန်းဆင်းဇုန်ထဲ ရောက်နေသလို၊ တိုရီနိုကလည်း (၄)ပွဲမှာ (၄)မှတ်သာရရှိထားပါတယ်။ ပြီးခဲ့တဲ့ရာသီက နှစ်ကျော့စလုံး သရေကျခဲ့သလို၊ ဒီပွဲလည်း အမှတ်ခွဲယူရဖို့ အလားအလာများပါတယ်။

ဂျီနိုအာ နှင့် လာဇီယို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဂျီနိုအာက စီးရီးအေမှာ နိုင်ပွဲမရသေးသလို၊ လာဇီယိုကလည်း (၄)ပွဲ (၃)မှတ်နဲ့ ရုန်းကန်နေရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၄)ပွဲဆက် အနိုုင်ရထားတဲ့ လာဇီယိုအသင်းကို ရွေးချယ်ချင်ပါတယ်။

ဗလင်စီယာ နှင့် အိုဗီယေဒို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ဗလင်စီယာအသင်းက နည်းပြ ကားလို့စ်ကော်ဘီရန်လက်ထက်မှာ ထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ်။ အိုဗီယေဒိုက တန်းတက်အသင်းတွေထဲမှာ အညံ့ဆုံးလို့ ဆိုရမှာပါ။ အိမ်ကွင်းမှာ ဗလင်စီယာအသင်း ပြတ်သားတဲ့ အနိုင်ရလဒ်ကို ရယူပါလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group