Eleven Media Group

တိုက်စစ်မှူး ဗလာဟိုဗစ်ကို ဇန်နဝါရီမှာ ရောင်းထုတ်မှာမဟုတ်ဘူးလို့ ချီလီနီ ပြောကြား

Photo: X

ဂျူဗင်တပ်စ်အသင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ချီလီနီက တိုက်စစ်မှူး ဗလာဟိုဗစ်ကို ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ရောင်းထုတ်မှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဒီရာသီကုန်ရင် ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဂျူဗင်တပ်စ်အသင်းက ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း အီတလီသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ဗလာဟိုဗစ်(၂၅ နှစ်)ကို ချယ်လ်ဆီး၊ မန်ယူနဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာခဲ့ပြီး ချီလီနီက ရောင်းထုတ်မှာမဟုတ်ကြောင်း ပြောကြားခဲ့တာပါ။
''ဒါက အရမ်းရိုးရှင်းပါတယ်။ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်ကစားသမားအဖြစ် ၂၀၂၆ ဇွန် ၃၀ အထိ ဆက်ရှိသွားမှာပါ။ ကျွန်တော်တို့ ဖတ်နေရတဲ့ သတင်းတွေက စိတ်ကူးယဉ်ဆန်ပါတယ်'' လို့ ချီလီနီက ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဗလာဟိုဗစ်ကို ၂၀၂၂ နွေရာသီမှာ ဖီအိုရင်တီးနားကနေ ယူရိုသန်း(၇၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဇန်နဝါရီမှာ ရောင်းမထုတ်ခဲ့ရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဆုံးရှုံးရဖို့ နီးစပ်နေပါတယ်။

မူရင်းသတင်း — Eleven Media Group