
အဲဗာတန်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဘရန့်ဝိတ်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင်(၆၅)သန်းနဲ့ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။
အဲဗာတန်အသင်းဟာ ဘရန့်ဝိတ်(၂၃ နှစ်)ကို ပြီးခဲ့တဲ့နွေရာသီမှာ ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပေမဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရရှိရင် ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဘရန့်ဝိတ်ကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ မန်ယူနဲ့ လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အပြိုင်ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။
မန်ယူအသင်းက ဘရန့်ဝိတ်ကို ပေါင်သန်း(၆၀)နဲ့ စတင်ကမ်းလှမ်းသွားဖို့ စီစဉ်နေပေမဲ့ အဲဗာတန်အသင်းက ပေါင်(၆၅)သန်းနဲ့ ကမ်းလှမ်းမှသာ လက်ခံစဉ်းစားဖွယ်ရှိပြီး နွေရာသီ ဆိုရင်တော့ ပေါင်သန်း(၇၀)အထက် ရရှိမှသာ ရောင်းထုတ်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။
ဘရန့်ဝိတ်ဟာ ၂၀၂၃-၂၄ နဲ့ ၂၀၂၄-၂၅ ရာသီတွေမှာမှ အဲဗာတန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ခြေစွမ်းပြခွင့်ရရှိခဲ့ပြီး ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းခံလာရသူဖြစ်ပါတယ်။