Eleven Media Group

ကော်တင်ဟိုကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းများစွာ စိတ်ဝင်စားနေ

Photo: X

ဆော်ဒီကလပ်အသင်းတွေဟာ ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းမှာ ခြေစွမ်းပြနေတဲ့ ဘရာဇီးလ်ကွင်းလယ်တိုုက်စစ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းမှာ (၅)နှစ်ကြာ ကစားခဲ့သလို၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပထိပ်တန်းအသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ကော်တင်ဟိုဟာ ဒီနှစ်နွေရာသီမှာ အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ငယ်ဘဝအသင်းဟောင်း ဗာစကိုဒဂါးမားအသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။
အသက် (၃၃)နှစ်ရှိပြီဖြစ်တဲ့ ကော်တင်ဟိုဟာ ၂၀၂၅ ရာသီမှာ ဗာစကိုဒဂါးမားအသင်းအတွက် (၄၁)ပွဲကစားပြီး (၁၁)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသလို၊ ပြောင်းရွှေ့ကြေးအနေနဲ့လည်း ပေါင်(၂)သန်းနဲ့ (၃)သန်းကြားသာ အသုံးပြုရမှာဖြစ်တာကြောင့် ဆော်ဒီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ကော်တင်ဟိုဟာ အက်စတွန်ဗီလာအသင်းမှာ ရှိစဉ်က ကာတာကလပ် အယ်လ်ဒူဟေးလ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ဖူးပေမဲ့ ဆော်ဒီလိဂ်မှာတော့ မကစားဖူးသေးပါဘူး။
ဆော်ဒီကလပ်တွေက မြင့်မားတဲ့ လစာနှုန်းထားပေးချေမှာဖြစ်တာကြောင့် ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်လာနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group