
အင်္ဂလန်ဘောလုံးလိဂ်(EFL)က လိဂ်ဖလားစတုတ္ထအဆင့် ယှဉ်ပြိုင်ကစားရမယ့် နေ့ရက်နဲ့ အချိန်တွေကို အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅-၂၆ ရာသီ လိဂ်ဖလားစတုတ္ထအဆင့်မှာ အသင်း(၁၆)သင်း ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပရီးမီးယားလိဂ်က (၁၁)သင်း၊ လိဂ်ချန်ပီယံရှစ်နဲ့ League One က (၂)သင်းစီ၊ က League Two က (၁)သင်း ပါဝင်ပါတယ်။
ဒီအဆင့်အတွက် ပွဲစဉ်မဲခွဲပွဲကို စက်တင်ဘာ(၂၄) ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ နေ့ရက်နဲ့ အချိန်ကိုတော့ ဒီနေ့မှ အတည်ပြုခဲ့တာပါ။
ဂရင်းစ်ဘီ - ဘရန့်ဖို့ဒ်၊ ၀ိုင်ကမ်ဘီ - ဖူလ်ဟမ်၊ ဝရက်ဇ်ဟမ်း - ကာဒစ်ဖ်ပွဲတွေကို အောက်တိုဘာ(၂၈)မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ် - ဘရိုက်တန်၊ လီဗာပူးလ် - ပဲလေ့စ်၊ ဆွမ်ဆီး - မန်စီးတီး၊ ဝုလ်ဗ် - ချယ်လ်ဆီး၊ နယူးကာဆယ် - စပါးပွဲတွေကိုတော့ အောက်တိုဘာ(၂၉)မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လိဂ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက နယူးကာဆယ်ဖြစ်ပြီး ဒီရာသီမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတာကတော့ လီဗာပူးလ်အသင်း ဖြစ်ပါတယ်။