
◘ ကိုင်ရတ် - ရီးယဲလ်မက်ဒရစ် (ည ၁၁း၁၅ နာရီ)
မက်ဒရစ်ဒါဘီပွဲရှုံးနိမ့်မှုကို ရီးယဲလ်အသင်း ဒီပွဲမှာ ပြန်ပြီးပေါက်ကွဲပြမလားဆိုတာ ကြည့်ရမှာပါ။ ကာဇက်စတန်ကလပ် ကိုင်ရတ်အသင်းက ပြည်တွင်းလိဂ်မှာ အခြေအနေကောင်းပေမဲ့ ဥရောပအဆင့်မှာတော့ မဝင်ဆံ့သေးပါဘူး။ အဖွင့်ပွဲမှာလည်း စပို့တင်းလစ္စဘွန်းကို ဂိုးပြတ်ရှုံးနိမ့်ထားလို့ ပေးဂိုးမများဖို့ပဲ ကြိုးစားရမှာပါ။ ရီးယဲလ်အသင်း ဂိုးပြတ်လိမ့်မယ်။
◘ ဘိုဒယ်ဂလင့် - စပါး (အောက်တိုဘာလ ၁ ရက် နံနက် ၁း၃၀ နာရီ)
ဒီနှစ်သင်းက ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံဖူးပြီး စပါးအသင်းက နှစ်ကျော့စလုံး အနိုင်ရခဲ့တယ်။ ပွဲစဉ်တွေစိပ်လာချိန်မှာ စပါးအသင်း ရလဒ်ပိုင်းနည်းနည်းကျလာပေမဲ့ ဒီပွဲကိုတော့ အနိုင်ရအောင် ကစားနိုင်ပါတယ်။
(၁-၂)လောက် ဖြစ်နိုင်တယ်။
◘ ချယ်လ်ဆီး - ဘင်ဖီကာ (အောက်တိုဘာလ ၁ ရက် နံနက် ၁း၃၀ နာရီ)
ဒီပွဲက မော်ရင်ဟိုရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း တစ်ကျော့ပြန်ခရီးစဉ်ဖြစ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ချယ်လ်ဆီးအသင်းက ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ မိနစ် ၉၀ အတွင်း သရေကျနေပြီး
အချိန်ပိုမှာ တစ်ယောက် အသာရသွားပြီးမှ ချယ်လ်ဆီးအသင်း ဂိုးပြတ်အနိုင်ရခဲ့တာပါ။ သရေကျနိုင်တဲ့ပွဲပါ။
◘ ဂါလာတာစာရေး - လီဗာပူးလ် (အောက်တိုဘာလ ၁ ရက် နံနက် ၁း၃၀ နာရီ)
လီဗာပူးလ်အသင်းရဲ့ နောက်ကျဂိုးတွေနဲ့ နိုင်ပွဲဆက်မှု ရပ်တန့်သွားပြီး ပဲလေ့စ်နဲ့ပွဲမှာ နောက်ကျဂိုးကြောင့် ရှုံးပွဲရင်ဆိုင်ခဲ့ရတယ်။ ကစားသမားသစ်တွေထဲမှာ အစ်ကီတီကီ တစ်ဦးတည်း ခြေစွမ်းပြနိုင်ပြီး အီဆက်၊ ဗက်ဇ်တို့ကတော့ အသားကျဖို့
လိုအပ်နေသေးတယ်။ ဂါလာတာစာရေးက အဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ထားတယ်။ လီဗာပူးလ် ဂိုးမပြတ်ပေမဲ့ အနိုင်ရမှာပါ။
◘ အင်တာမီလန် - ဆလားဗီးယားပရပ်ဂ် (အောက်တိုဘာလ ၁ ရက် နံနက် ၁း၃၀ နာရီ)
အင်တာမီလန်အသင်းက သုံးပွဲဆက်အနိုင်ရလဒ်နဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ တိုက်စစ်က ပွဲတိုင်းဂိုးသွင်းထားပြီး ခံစစ်ကလည်း တည်ငြိမ်လာပါပြီ။ ဆလားဗီးယားပရပ်ဂ်က ပြည်တွင်းလိဂ်မှာ ဒုတိယနေရာ ရပ်တည်နေတဲ့အသင်းပါ။
အင်တာပဲ နိုင်ပွဲဆက်ဦးမယ်။
◘ ပါဖိုးစ် - ဘိုင်ယန်မြူးနစ် (အောက်တိုဘာလ ၁ ရက် နံနက် ၁း၃၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက နိုင်ပွဲတွေဆက်နေတဲ့အပြင် ပွဲတိုင်းဂိုးပြတ်သွင်းယူနိုင်တာက အားရစရာကောင်းပါတယ်။ ဒီနှစ်သင်းရဲ့အခြေအနေက တော်တော်လေးကွာခြားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ဘယ်နှဂိုးသွင်းမလဲ ကြည့်ရမှာပါ။
◘ အခြားပွဲစဉ်များ
*အတ္တလန်တာ - ကလပ်ဘရုဂေး
အက်သလက်တီကို - ဖရန့်ဖတ်*
မာဆေးလ် - အေဂျက်စ်*