
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသမား အယ်လစ်ဆန် ကစားနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အယ်လစ်ဆန်ဟာ ဂါလာတာစာရေးအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲချိန်(၅၆)မိနစ်မှာပဲ မာမာဒက်ရှ်ဗီလီနဲ့ လူစားလဲခဲ့ရပါတယ်။
ပွဲအပြီးမှာ အာနယ်ဆလော့က ''ဒီလိုအနေအထားမျိုးက ဘယ်တော့မှ အပေါင်းလက္ခဏာမဆောင်ပါဘူး။ စနေနေ့ပွဲမှာ သူ မကစားနိုင်မှာ သေချာပါတယ်'' လို့ ပြောကြားခဲ့တာပါ။
ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီမှာမှ ဗလင်စီယာကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျော်ဂျီယာဂိုးသမား မာမာဒက်ရှ်ဗီလီက ချယ်လ်ဆီးနဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးထွက်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
ဂါလာတာစာရေးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး အက်ကီတီကီအနေနဲ့လည်း ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂါလာတာစာရေးတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်မိကြောင်းလည်း အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။