Eleven Media Group

နည်းဗျူဟာအမှားအတွက် ကစားသမားတွေကို မာရှေရာနို တောင်းပန်စကားဆို

Photo: AFP

အင်တာမိုင်ယာမီအသင်းရဲ့နည်းပြ မာရှေရာနိုက ချီကာဂိုဖိုင်းယားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ နည်းဗျူဟာအမှား ချမှတ်ခဲ့မိခြင်းအတွက် ကစားသမားတွေကို တောင်းပန်စကား ပြောကြားခဲ့ကြောင်း သိရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ အင်္ဂါနေ့(မြန်မာစံတော်ချိန် ဒီနေ့မနက်)မှာ မေဂျာလိဂ်ပွဲစဉ်(၃၁)အဖြစ် ချီကာဂိုဖိုင်းယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ကွင်းမှာ (၃-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ပထမပိုင်း (၁-၃)ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ မာရှေရာနိုက ကစားသမားတွေကို တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
''အမှားက ကျွန်တော့်ရဲ့ ပွဲအပေါ်ချဉ်းကပ်ပုံကြောင့်ပါ။ ပထမပိုင်းမှာ သူတို့ကို အကူအညီမပေးနိုင်ခဲ့တဲ့အတွက် ကစားသမားတွေကို ကျွန်တော် တောင်းပန်ခဲ့ပါတယ်။ ဒီနည်းဗျူဟာက နည်းပြအဖွဲ့ထဲက တစ်ယောက်ရဲ့ အဆိုပြုမှုဖြစ်ပြီး အဲဒါက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီရှုံးပွဲမှာ ကျွန်တော် တစ်ယောက်တည်း တာဝန်ရှိပါတယ်'' လို့ မာရှေရာနိုက ပြောကြားခဲ့ပါတယ်။
မာရှေရာနိုက ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ တတ်နိုင်သမျှ ရပ်တည်မှုမြင့်မားစေဖို့ ဆက်လက်ကြိုးစားသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group