Eleven Media Group

အင်္ဂလန်တောင်ပံကစားသမား ဆာကာ အာဆင်နယ်အသင်းမှာ တစ်ပတ်ပေါင်(၃၀၀၀၀၀)ရရှိတဲ့ ပထမဆုံးကစားသမား ဖြစ်လာဖွယ်ရှိ

Photo: X

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆာကာဟာ အသင်းမှာ တစ်ပတ်ပေါင်(၃၀၀၀၀၀)ရရှိတဲ့ ပထမဆုံးကစားသမား ဖြစ်လာဖွယ်ရှိကြောင်း သိရပါတယ်။
ဆာကာ(၂၄ နှစ်)ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အာဆင်နယ်အသင်းက သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေပြီး လစာနှုန်းထားကိုလည်း တစ်ပတ်ပေါင်(၃၀၀၀၀၀)အထိ တိုးမြှင့်ပေးသွားဖို့ စီစဉ်နေကြောင်း သတင်းထွက်လာပါတယ်။
ဆာကာဟာ လက်ရှိအချိန်မှာ တစ်ပတ်ပေါင်(၁၉၅၀၀၀)သာ ရရှိနေသူဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းရဲ့ လစာအများဆုံးကစားသမားက တစ်ပတ်ပေါင်(၂၈၀၀၀၀)ရရှိနေတဲ့ ဟာဗက်ဇ်ဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သက်တမ်းတိုးခဲ့တဲ့ နောက်ခံလူ ဆာလီဘာက တစ်ပတ်ပေါင်(၂၅၀၀၀၀)ရရှိခဲ့ပြီဖြစ်တာကြောင့် တတိယလစာအများဆုံးကစားသမား ဖြစ်လာကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းတာဝန်ရှိသူတွေက ဆာကာကိုတော့ အသင်းရဲ့ လစာအများဆုံးကစားသမား၊ ပထမဆုံးတစ်ပတ်ပေါင်(၃)သိန်းရတဲ့ ကစားသမား ဖြစ်လာတဲ့အထိ လစာတိုးမြှင့်ပေးသွားဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group