
ပရီးမီးယားလိဂ်က စက်တင်ဘာလအတွက် အကောင်းဆုံးဆုတွေ ရွေးချယ်ချီးမြှင့်ဖို့ ဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ တနင်္လာနေ့ နောက်ဆုံးထားပြီး အွန်လိုင်းကနေ မဲပေးနိုင်ကြောင်း သိရပါတယ်။
အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ကစားသမား(၆)ဦးပါဝင်ခဲ့ပြီး ဟာလန်း(မန်စီးတီး)၊ ကာမာဒါ(ပဲလေ့စ်)၊ မင်တက်(ဘရိုက်တန်)၊ ရိုအက်ဖ်(ဆန်းဒါးလန်း)၊ ချာကာ(ဆန်းဒါးလန်း)နဲ့ ဇူဘီမန်ဒီ(အာဆင်နယ်)တို့ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ နည်းပြ(၄)ဦးပါဝင်ပြီး အာတေတာ(အာဆင်နယ်)၊ ဂလက်စ်နာ(ပဲလေ့စ်)၊ ဂွါဒီယိုလာ(မန်စီးတီး)နဲ့ လီဘရစ်(ဆန်းဒါးလန်း)တို့ဖြစ်ပါတယ်။
အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ဇူဘီမန်ဒီ၊ ဘာ့ဂ်ဗောလ်၊ ဂရာဗန်ဘာ့ချ်၊ စတက်ချ်၊ မစ်ချဲလ်၊ ဟယ်ရီဝီလ်ဆင်၊ မာတင်နယ်လီ၊ သီယာဂိုတို့ရဲ့ သွင်းဂိုးတွေ ပါဝင်ခဲ့ပါတယ်။
အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ မာတီနက်ဇ်၊ ဒါလိုး၊ ဒွန်နာရမ်မာ၊ ဒူဘရေကာ၊ ဒင်းန်ဟန်ဒါဆန်၊ ဆမ်ဂျွန်စတုန်းတို့ ပါဝင်ခဲ့ပါတယ်။