
ဇီဒန်းရဲ့ဒုတိယသားဖြစ်တဲ့ ဂိုးသမား လူကာဇီဒန်းဟာ အယ်လ်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
အသက်(၂၇)နှစ်ရှိပြီဖြစ်တဲ့ လူကာဇီဒန်းဟာ ရီးယဲလ်အကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပေမဲ့ ရီးယဲလ်အသင်းကြီးအတွက် (၂)ပွဲသာ ကစားခွင့်ရခဲ့ပြီး လက်ရှိအချိန်မှာတော့ စပိန်ဆီဂန်ဒါကလပ် ဂရန်နာဒါအသင်းမှာ ကစားနေတာပါ။
လူကာဇီဒန်းဟာ သက်တမ်းအလိုက် ပြင်သစ်လူငယ်အသင်းတွေမှာ ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ ပြင်သစ်လက်ရွေးစင်အဖြစ် ရွေးချယ်ခွံရဖို့ အခွင့်အလမ်းနည်းပါးတာကြောင့် အယ်လ်ဂျီးရီးယားနိုင်ငံကို ကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူတို့မိသားစုက ပြင်သစ်ကို ပြောင်းရွှေ့အခြေချခဲ့တဲ့ အယ်လ်ဂျီးရီးယားမျိုးနွယ်တွေဖြစ်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အယ်လ်ဂျီးရီးယားလက်ရွေးစင်နည်းပြ ဗလာဒီမာပက်ကိုဗစ်ကလည်း လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် (၂၆)ဦးစာရင်း ထုတ်ပြန်ရာမှာ လူကာဇီဒန်းကို ထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဇီဒန်းမှာ သား(၄)ယောက်ရှိပြီး အားလုံးက ဘောလုံးသမားတွေ ဖြစ်လာခဲ့ပေမဲ့ လက်ရွေးစင်အသင်းတစ်သင်းအတွက် ရွေးချယ်ခံရသူကတော့ လူကာဇီဒန်းတစ်ဦးသာ ရှိသေးကြောင်းလည်း သိရပါတယ်။