Eleven Media Group

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: X

ဘုန်းမောက် နှင့် ဖူလ်ဟမ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)

ဘုန်းမောက်က ဒီရာသီမှာ ခြေစွမ်းပြနေသလို၊ ဖူလ်ဟမ်ရဲ့ခြေစွမ်းကလည်း မဆိုးပါဘူး။ ဒါပေမဲ့ အဝေးကွင်းညံ့တဲ့ဖူလ်ဟမ်အနေနဲ့ ဘုန်းမောက်ကွင်းမှာ ရုန်းကန်ရမှာပါ။ ထိပ်တိုက်တွေ့ဆုံမှုမှာ အိမ်ကွင်း(၃)ပွဲဆက် အနိုင်ရထားတဲ့ ဘုန်းမောက်အသင်း ဒီပွဲမှာလည်း နိုင်ပွဲဆက်ပါလိမ့်ဦးမယ်။

ပဲရစ် FC နှင့် လော်ရီယန့် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)

တန်းတက်နှစ်သင်း အမှတ်လုရမယ့်ပွဲဖြစ်ပြီး လောလောဆယ် နှစ်သင်းစလုံး (၇)မှတ်စီ ရရှိထားပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အိမ်ကွင်းတစ်ကျော့စီ အနိုင်ရခဲ့သလို၊ အိမ်ကွင်းအားသာချက်ကို အသုံးချတတ်တဲ့အသင်းတွေ ဖြစ်ပါတယ်။ အိမ်ရှင်ကိုပဲ ရွေးရမှာပါ။

ဟော်ဖန်ဟင်မ် နှင့် ကိုလုံး (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ)

တန်းတက် ကိုလုံးအသင်းက တာထွက်ကောင်းခဲ့ပေမဲ့ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ဟော်ဖန်ဟင်မ်ကလည်း အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဒီပွဲမှာတော့ ဟော်ဖန်ဟင်မ်အသင်း နိုင်ပွဲ ပြန်ယူနိုင်ခြေရှိပါတယ်။

ဗီရိုနာ နှင့် ဆာဆူအိုလို (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)

ဗီရိုနာက စီးရီးအေ(၅)ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲမရသေးဘဲ တန်းတက် ဆာဆူအိုလိုကလည်း အဝေးကွင်းမှာ ပွဲတိုင်းရှုံးထားပါတယ်။ ဗီရိုနာအသင်း ပထမဆုံးနိုင်ပွဲ ရရှိဖို့ အလားအလာများပါတယ်။

အိုဆာဆူနာ နှင့် ဂီတာဖေး (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံး နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားကြပါတယ်။ ရလဒ်ပိုင်းအရေ ဂီတာဖေး ပိုကောင်းသလို၊ အဝေးကွင်းမှာလည်း ခြေစွမ်းပြနိုင်တာကြောင့် ဂီတာဖေးဘက်ကပဲ ရပ်တည်ချင်ပါတယ်။

မူရင်းသတင်း — Eleven Media Group