
စပါးအသင်းဟာ ဥရုဂွေးကွင်းလယ်ကစားသမား ဘန်တန်ကာကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ဘန်တန်ကာ(၂၈ နှစ်)ဟာ ၂၀၂၂ ဇန်နဝါရီမှာ ဂျူဗင်တပ်စ်ကနေ စပါးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် စပါးအသင်းက သက်တမ်းတိုးခဲ့တာပါ။
စပါးအသင်းက စာချုပ်သက်တမ်းအတိအကျကို ဖော်ပြခဲ့ခြင်းမရှိဘဲ ကာလရှည်စာချုပ်လို့သာ ဆိုခဲ့ပါတယ်။
ဘန်တန်ကာဟာ (၃)နှစ်ကျော်ကာလအတွင်း စပါးအသင်းအတွက် ပြိုင်ပွဲစုံ(၁၂၂)ပွဲ ကစားခွင့်ရခဲ့ပြီး (၉)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
''ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အသင်းနဲ့အတူ ရှေ့ဆက်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ ကျွန်တော့်မိသားစုကလည်း ပျော်နေပါတယ်။ ကျွန်တော် ဒီအသင်းကို ချစ်ပြီးတော့ တကယ်ကောင်းတဲ့နေရာလို့လည်း ခံစားရပါတယ်။ ယူရိုပါလိဂ်ရယူနိုင်တာက စိတ်လှုပ်ရှားစရာအခိုက်အတန့်ဖြစ်ပြီး နောက်ထပ် ဆုဖလားများစွာ ရယူနိုင်ဖို့အတွက် အဲဒီအောင်ပွဲအပေါ် အခြေပြုတည်ဆောက်သွားချင်ပါတယ်'' လို့ ဘန်တန်ကာက ပြောကြားခဲ့ပါတယ်။