Eleven Media Group

ဆာလာကို သူရဲကောင်းတစ်ဦးသဖွယ် အီဂျစ်ပရိသတ်တွေ ကြိုဆို

Photo: X

ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ အီဂျစ်နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာကို အီဂျစ်ပရိသတ်တွေက လေဆိပ်မှာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။
ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းသိပ်မပြနိုင်သေးပေမဲ့ အီဂျစ်ပရိသတ်တွေကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို လေဆိပ်အထိ လာရောက်ကြိုဆိုခဲ့တာဖြစ်ပါတယ်။
အီဂျစ်အသင်းဟာ အောက်တိုဘာ(၈)မှာ ဂျီဘူတီ၊ အောက်တိုဘာ(၁၂)မှာ ဂီနီဘစ်ဆောအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားနောက်ဆုံးခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုုပ်စုပထမနေရာရယူကာ ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပါပြီ။
ဆာလာဟာ လက်ရှိအချိန်မှာ အီဂျစ်အသင်းရဲ့ ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ပထမနေရာက ဟူဆမ်ဟာဆန်နဲ့ (၈)ဂိုးသာ ကွာဟတာကြောင့် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာဖို့ အလားအလာကောင်းနေကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ ဆာလာဟာ လီဗာပူးလ်အသင်းအတွက် နောက်ဆုံး(၄)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group