
အဲဗာတန်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဂရီးလစ်ရှ်က ပဲလေ့စ်နဲ့ပွဲက သွင်းဂိုးကို အဲဗာတန်ပရိသတ်တွေအတွက် ရည်ညွှန်းကြောင်း ပြောကြားခဲ့ပါတယ်။
ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ မန်စီးတီးကနေ အဲဗာတန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲမှာ အဲဗာတန်ကစားသမားဘဝ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာပါ။
''ပထမဆုံးဂိုးသွင်းယူနိုင်တဲ့အတွက် ကျွန်တော် လပေါ်ကို ရောက်သွားသလိုပါပဲ။ ပြီးတော့ ဒါကို ပရိသတ်တွေနဲ့ ကျွန်တော့်မိသားစုရဲ့ရှေ့ ဟေးလ်ဒစ်ကင်ဆန်ကွင်းမှာ ပြုလုပ်နိုင်ခဲ့တာဖြစ်သလို၊ နောက်ဆုံးမိနစ်အပိုင်းအခြားမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ ခံစားမှုပါပဲ။ ဒါကြောင့် အမေနဲ့ အဖေ ရှိနေတဲ့ဆီ ကျွန်တော် ပြေးသွားခဲ့ပါတယ်။ ဒီဂိုးကို ကျွန်တော့်ကို ကြိုဆိုခဲ့ကြတဲ့ အဲဗာတန်ပရိသတ်အားလုံးအတွက် ရည်ညွှန်းပါတယ်'' လို့ ဂရီးလစ်ရှ်က ပြောကြားခဲ့ပါတယ်။
ဂရီးလစ်ရှ်ဟာ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲမြောက်မှာ ဂိုးစတင်သွင်းယူနိုင်ခဲ့တာပါ။
ပဲလေ့စ်အသင်းကတော့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် (၁၉)ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန် ရပ်တန့်သွားခဲ့ရပါတယ်။