
နာမည်ကျော် အီတလီနောက်ခံလူဟောင်း ကင်နာဗာရိုဟာ ဥဇဘက်ကစ္စတန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ ကင်နာဗာရိုဟာ ကစားသမားဘဝမှာ Ballon d'Or ဆု ရယူနိုင်ခဲ့သူဖြစ်ပြီး နည်းပြဘဝမှာတော့ တရုတ်လက်ရွေးစင်အသင်းအပါအဝင် အသင်း(၇)သင်းကို ကိုင်တွယ်ခဲ့ဖူးပေမဲ့ အောင်မြင်မှုမရရှိသေးပါဘူး။
နောက်ဆုံးကိုင်တွယ်ခဲ့တာက ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းဖြစ်ပြီး ဧပြီလမှာ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။
ဥဇဘက်ကစ္စတန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ထားပြီဖြစ်ပြီး အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်တာကြောင့် ကင်နာဗာရိုကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ အကြီးစားပြင်ဆင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ကင်နာဗာရိုဟာ ကူဝိတ်နဲ့ ယှဉ်ပြိုင်ရမယ့် ခြေစမ်းပွဲမှာ ဥဇဘက်ကစ္စတန်နည်းပြအဖြစ် စတင်ဆောင်ရွက်ရမယ်လို့ သိရပါတယ်။