Eleven Media Group

■ ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းသတ်ဖြတ်ခဲ့သည့် လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းသတ်ဖြတ်ပြီး အမှိုက်အိတ်ဖြင့် ထည့်ထားခဲ့မှုမှ ကျူးလွန်သူ လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကျူးလွန်သူအမျိုးသားကို တိုင်းအဖွဲ့ကနေ မနေ့ညက သာကေတ ၇ ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပန်းဘဲတန်းမြို့နယ် အမှတ် (၁၁) ရပ်ကွက် ၃၂ လမ်း (အထက်) ရှိ Beauty Land Hotel ၌ အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ပြီး အခန်းအပြင်ဘက်ရှိ လေအေးပေးစက်တပ်ဆင်ထားရှိသည့် စင်ပေါ်တွင် အမှိုက်အိတ်အပြာဖြင့် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျုးလွန်သူအမျိုးသားမှာ အသက် ၂၀ ဝန်းကျင်ရှိပြီး တိုင်းရဲတပ်ဖွဲ့က ဖမ်ဆီးစစ်‌ဆေးနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group