Eleven Media Group

ဂျူဗင်တပ်စ်တိုုက်စစ်ကစားသမား ယီလ်ဒစ်ဇ်ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ အပြိုင်လိုက်နေ

Photo: X

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ မန်ယူနဲ့ အာဆင်နယ်အသင်းတို့ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ တူရကီတိုက်စစ်ကစားသမား ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။
အသက်(၂၀)သာရှိသေးတဲ့ ယီလ်ဒစ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သလို၊ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ(၈)ပွဲမှာ (၂)ဂိုးသွင်း၊ (၄)ဂိုးဖန်တီးထားပါတယ်။
ဒါကြောင့် ပရီးမီးယားလိဂ်ထိပ်သီးတွေနဲ့အတူ ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ယီလ်ဒစ်ဇ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက ပေါင်(၇၈)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။
ယီလ်ဒစ်ဇ်ရဲ့ စျေးကွက်တန်ဖိုးက ပေါင်(၆၉)သန်းနဲ့ ပေါင်(၇၈)သန်းကြားမှာရှိတယ်လို့ တန်ဖိုးဖြတ်ခံထားရကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group