
ပရီးမီးယားလိဂ်&JU စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုကို ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာ ရရှိခဲ့ပါတယ်။
ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အသင်းရဲ့သမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အောက်တိုဘာလရောက်မှ အဲဗာတန်အသင်းကို ရှုံးနိမ့်ပြီး (၁၉)ပွဲနဲ့ အဆုံးသတ်ခဲ့ရတာပါ။
ဂလက်စ်နာဟာ စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲမှာ ဆန်းဒါးလန်းနဲ့ ဂိုးမရှိသရေ၊ ဝက်စ်ဟမ်းနဲ့ လီဗာပူးလ်အသင်းတို့ကို ၂-၁ ဂိုးစီနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် အာဆင်နယ်နည်းပြ အာတေတာ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဆန်းဒါးလန်းနည်းပြ လီဘရစ်တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
ဂလက်စ်နာဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို နည်းပြဘဝမှာ ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခြင်းဖြစ်ပြီး သြစတြီးယားနည်းပြတွေထဲမှာ ဟာဆန်ဟူတယ်လ်ရဲ့နောက် ဒုတိယမြောက်ရရှိသူဖြစ်လာခဲ့သလို၊ ပဲလေ့စ်နည်းပြတွေထဲမှာ ၂၀၁၄ ဧပြီလက တိုနီပူးလစ်ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။