
◘ အက်စ်တိုးနီးယား - အီတလီ (အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
ဇယားထိပ်ဆုံးက နော်ဝေအသင်းကို အမီလိုက်နိုင်ဖို့အတွက် ဒီလိုပွဲမျိုးမှာ အီတလီအသင်း အမှတ်ပြည့်ယူထားဖို့လိုတယ်။ ပထမအကျော့ အိမ်ကွင်းပွဲမှာလည်း မွိုက်စ်ကိန်း၊ ရေတယ်ဂီ၊ ရက်စ်ပါဒိုရီ၊ ဘတ်စ်တိုနီတို့ရဲ့ဂိုးတွေနဲ့ အီတလီအသင်း
ငါးဂိုးပြတ်အနိုင်ရခဲ့တယ်။ အီတလီအသင်းက အဖွင့်ပွဲမှာ နော်ဝေကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ပိုင်း သုံးပွဲဆက် အနိုင်ရထားတယ်။ အက်စ်တိုးနီးယားကတော့ ငါးပွဲမှာ တစ်မှတ်ပဲရထားလို့ အမြင့်ဆုံး Play-offs ကစားခွင့်အထိပဲ မျှော်လင့်ခွင့် ရှိတော့တယ်။
အီတလီအသင်း ဂိုးပြတ်အနိုင်ရမယ့်ပွဲပါ။
◘ ပေါ်တူဂီ - အိုင်ယာလန် (အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
UEFA Nations League ချန်ပီယံ ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ပုံစံကောင်းပြနေတုန်းပဲ။ အဝေးကွင်းနှစ်ပွဲဆက် ကစားထားရပေမဲ့ အာမေးနီးယားကို ငါးဂိုး ပြတ်၊ ဟန်ဂေရီကို (၂-၃) ဂိုးနဲ့ အနိုင်ယူပြီး အနိမ့်ဆုံး Play-offs
ကစားခွင့်နေရာတောင် ရယူထားနိုင်ပါပြီ။ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကလည်း ခြေစစ်ပွဲနှစ်ပွဲမှာ သုံးဂိုးသွင်း ယူပြီး ဦးဆောင်မှုပေးနိုင်ဆဲဖြစ်တယ်။ အိုင်ယာလန်အသင်းကတော့ နှစ်ပွဲကစား၊ တစ်မှတ်နဲ့ ဇယားအောက်ဆုံး
ရောက်နေတယ်။ ပေါ်တူဂီအတွက် အခက်အခဲသိပ်မရှိဘဲ နိုင်ပွဲဆက်ဦးမှာပါ။
◘ စပိန် - ဂျော်ဂျီယာ (အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
စပိန်အသင်းက UEFA Nations League ဗိုလ်လုပွဲ ရှုံးနိမ့်မှုကို ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြန်ပေါက်ကွဲနေတယ်။ ဘူလ်ဂေးရီးယားကို အဝေးကွင်းမှာ သုံးဂိုးပြတ်၊ တူရကီကို အဝေးကွင်း မှာ ခြောက်ဂိုးပြတ် သွင်းယူထားပြီး ခံစစ်ကလည်း နှစ်ပွဲစလုံး
Clean Sheet ရခဲ့တယ်။ ယာမားလ်၊ နီကိုဝီလီယံ၊ ရိုဒရီ၊ ဂါဗီတို့ မပါဝင်နိုင်ပေမဲ့ ပြဿနာမရှိလောက်ပါဘူး။ ဂျော်ဂျီယာကလည်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ ဒုတိယနေရာ ရပ်တည်နေတဲ့အသင်းပါ။ ဒါပေမဲ့ စပိန်အသင်း အိမ်ကွင်းဖြစ်သလို
အင်အားချင်းလည်းကွာခြားလို့ ဂိုးပြတ်ဦးမယ့်ပွဲပါပဲ။
◘ အခြားပွဲစဉ်များ
*လတ်ဗီးယား - အန်ဒိုရာ
*ဟန်ဂေရီ - အာမေးနီးယား
*နော်ေ၀ - အစ္စရေး
*ဘူလ်ဂေးရီးယား - တူရကီ
*ဆားဘီးယား - အယ်လ်ဘေးနီးယား