Eleven Media Group

■ မိမိဟာ အသင်းပယ်နယ်တီကန်ချိန် မကြည့်တတ်တဲ့ မန်နေဂျာမျိုးမဟုတ်ကြောင်း မန်ယူနိုက်တက်အမျိုးသမီးအသင်းနည်းပြ ပြောကြား

Photo: Man Utd

မန်ယူနိုက်တက်အမျိုးသမီးအသင်းနည်းပြ မက်ဆကင်နာက မိမိဟာ အသင်းပယ်နယ်တီကန်ချိန် မကြည့်တတ်တဲ့ မန်နေဂျာမျိုးမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆကင်နာရဲ့မှတ်ချက်စကားဟာ ဖိအားအောက်ရောက်နေတဲ့ အမျိုးသားအသင်းနည်းပြ ရူဘင်အာမိုရင်မ်ကို ဝေဖန်တာဖြစ်တယ်လိုလည်း ဗြိတိန်မီဒီယာတွေက ကောက်ချက်ချခဲ့ပါတယ်။

အာမိုရင်မ်ဟာ League Two ကလပ် ဂရင်းစဘီအသင်းကို ပယ်နယ်တီအဆုံးအဖြတ် ၁၁-၁၂ဂိုးနဲ့ အရေးနိမ့်တဲ့ လိဂ်ဖလား ဒုတိယအဆင့်ပွဲမှာ ပယ်နယ်တီကန်သွင်းမှုကို မကြည့်ဘဲ နေခဲ့တာပါ။

ပွဲအပြီးမှာတော့ မန်ယူနိုက်တက်အသင်းပရိသတ်တွေက အာမိုရင်မ်ရဲ့ပြုမူပုံအပေါ် လူမှုကွန်ရက်ကနေ ဝေဖန်ခဲ့ကြပါတယ်။

အာမိုရင်မ်ဟာ ဘန်လေကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ် အနိုင်ဂိုးဖြစ်စေမယ့် ပယ်နယ်တီကန်ချက် အဝေးကိုပဲ ကြည့်နေခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဖူလ်ဟမ်၊ ဘရန့်ဖိုဒ်တိုနဲ့ပွဲတွေမှာ ပယ်နယ်တီကို ဂိုးဝင်အောင်မသွင်းနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group