Eleven Media Group

ယူ-၂၀ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို အာဂျင်တီးနား၊ ပြင်သစ်၊ ကိုလံဘီယာနဲ့ မော်ရိုကိုတို့ တက်ရောက်

Photo: FIFA

၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အာဂျင်တီးနား၊ ပြင်သစ်၊ ကိုလံဘီယာနဲ့ မော်ရိုကိုတို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဒီပြိုင်ပွဲကို ချီလီနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး အောက်တိုဘာ(၁၁၊ ၁၂)က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ကိုလံဘီယာက စပိန်ကို (၃-၂)ဂိုး၊ အာဂျင်တီးနားက မက္ကဆီကိုကို (၂-၀)ဂိုး၊ မော်ရိုကိုက အမေရိကန်ကို (၃-၁)ဂိုး၊ ပြင်သစ်က နော်ဝေကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ကြတာပါ။
ဆီမီးဖိုင်နယ်အဆင့်မှာ မော်ရိုကိုနဲ့ ပြင်သစ်၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ ရင်ဆိုင်ရမှာဖြစ်ပြီး အောက်တိုဘာ(၁၅)မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီ(၄)သင်းထဲမှာ အာဂျင်တီးနားက ချန်ပီယံဆု(၆)ကြိမ်ရရှိထားတဲ့ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ပြင်သစ်ကလည်း တစ်ကြိမ်ဗိုလ်စွဲထားပေမဲ့ ကိုလံဘီယာနဲ့ မော်ရိုကိုတို့ကတော့ အမြင့်ဆုံးဆီမီးဖိုင်နယ်အဆင့်ပဲ ရောက်ရှိဖူးပါတယ်။
ဆီမီးဖိုင်နယ်အဆင့်အထိ ရာနှုန်းပြည့်နိုင်ပွဲနဲ့ တက်လှမ်းလာခဲ့တဲ့ အာဂျင်တီးနားအသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဗိုလ်လုပွဲကို အောက်တိုဘာ(၁၉)မှာ ကျင်းပမှာပါ။

မူရင်းသတင်း — Eleven Media Group