Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲကြိုသုံးသပ်ချက်

Photo: X

အိုက်စလန် နှင့် ပြင်သစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ပြင်သစ်က ကစားပြီးခဲ့တဲ့ (၃)ပွဲစလုံး ပွဲတိုင်းအနိုင်ရခဲ့ပြီး အိုက်စလန်ကတော့ အုပ်စုတွင်း အားအနည်းဆုံး အဇာဘိုင်ဂျန်ကိုသာ အနိုင်ရထားပါတယ်။ ပြင်သစ်နဲ့ ဆုံတွေ့သမျှ အနိုင်ရဖူးခြင်းမရှိဘဲ အရှုံးပေးရတာပဲ များပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ဘာပေ ပါဝင်မှာမဟုတ်ပေမဲ့ ပြင်သစ်အသင်း နိုင်ပွဲဆက်ဦးမှာပါ။

မြောက်အိုင်ယာလန် နှင့် ဂျာမနီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ခြေစစ်ပွဲအုပ်စုအဖွင့်မှာ ဆလိုဗက်ကီးယားကို ရှုံးခဲ့ပေမဲ့ ဂျာမနီအသင်း နိုင်ပွဲပြန်ဆက်နေပါပြီ။ မြောက်အိုင်ယာလန်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး(၆)ပွဲဆက်တိုက်လည်း အနိုင်ရထားပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ မြောက်အိုင်ယာလန် ရလဒ်တွေကောင်းနေတာကြောင့် ဂျာမနီအသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။

ဆွီဒင် နှင့် ကိုဆိုဗို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဆွီဒင်အသင်း ကိုဆိုဗိုကို ရှုံးကြွေးပြန်ဆပ်နိုင်မလား ကြည့်ရမှာပါ။ ဒီပွဲမှာမှ အနိုင်မရရင် ကမ္ဘာ့ဖလားမျှော်လင့်ချက်က ပျက်သလောက်ဖြစ်သွားမှာပါ။ ပြီးခဲ့တဲ့ပွဲမှာ ဂိုးမသွင်းနိုင်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အီဆက်ခ်နဲ့ ယိုကယ်ရက်စ်တို့ ဒီပွဲမှာတော့ ဂိုးပေါက်ပြန်တွေ့မယ် ထင်ပါတယ်။ ဆွီဒင်ကိုပဲ ရွေးချင်ပါတယ်။

ဝေးလ်စ် နှင့် ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ပထမအကျော့တုန်းက အပြန်အလှန်သွင်းဂိုးတွေနဲဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို၊ ဒီပွဲလည်း အကြိတ်အနယ်ရှိဦးမှာပါ။ အုပ်စုထိပ်ဆုံးနေရာအတွက် အမှတ်လုနေရတဲ့ ပြိုင်ဘက်တွေဖြစ်တာကြောင့် အားကုန်ထုတ်မှာလည်း သေချာပါတယ်။ အိမ်ရှင်ကို ကြိုက်ပါတယ်။

အခြားပွဲများ
* မြောက်မက်ဆီဒိုးနီးယား - ကာဇက်စတန်
* ဆလိုဗက်ကီးယား - လူဇင်ဘတ်
ဆလိုဗေးနီးယား - ဆွစ်ဇာလန် *
* ယူကရိန်း - အဇာဘိုင်ဂျန်

မူရင်းသတင်း — Eleven Media Group