
နော်ဝေလက်ရွေးစင်အသင်းဟာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းအပါအဝင် ကစားသမားတချို့ကို ကလပ်အသင်းတွေထံ ပြန်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
နော်ဝေအသင်းဟာ အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲနဲ့ ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ကစားသမား(၂၆)ဦးကို ရွေးချယ်ခဲ့ပြီး နယူးဇီလန်နဲ့ ခြေစမ်းပွဲမတိုင်ခင်မှာ ကစားသမားတချို့ကို ကလပ်အသင်းတွေဆီ ပြန်ခွင့်ပေးလိုက်တာပါ။
နော်ဝေဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းတွေအတွက် ပွဲဆက်များစွာကစားနေရတဲ့ ဆော်လော့သ်၊ ရိုင်ယာဆန်၊ ဟာလန်း၊ ဂျော်ကန်တို့နဲ့အတူ ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ မီဟဲကို ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ပြုခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ဟာလန်းအနေနဲ့ မန်စီးတီးအသင်းအတွက် နားရက်ပိုမိုရရှိသွားခဲ့ပေမဲ့ ကွင်းလယ်ကစားသမား အော်စကာဘော့ဘ်ကတော့ ပြန်ခွင့်မရခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်၊ ချန်ပီယံလိဂ်မှာ ဗီလာရီးယဲလ်တို့နဲ့ ဆက်တိုက်ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။