
အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားနဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့ပေမဲ့ မနေ့က အာဂျင်တီးနားအသင်းနဲ့ လေ့ကျင့်မှုပြန်လုပ်ခဲ့တာကြောင့် လာမယ့် ပူအာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားဖွယ်ရှိကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်းဟာ အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မှာ ဗင်နီဇွဲလား၊ ပူအာတိုရီကိုတို့နဲ့ ခြေစမ်းပွဲနှစ်ပွဲကို အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ မက်ဆီက အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်ကြောင့် ဗင်နီဇွဲလားနဲ့ပွဲကို လွဲချော်ခဲ့တာပါ။
အာဂျင်တီးနားနည်းပြ မာရှေရာနိုကလည်း မက်ဆီအနေနဲ့ ခြေစမ်းပွဲနှစ်ပွဲစလုံးကို ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်း လူစာရင်းထုတ်ပြန်စဉ်ကတည်းက ပြောကြားခဲ့ပါတယ်။
အခု မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးပြီးနောက် အာဂျင်တီးနားအသင်းနဲ့ အမြန်ဆုံံးပြန်ပူးပေါင်းခဲ့တာကြောင့် လာမယ့်ခြေစမ်းပွဲမှာ ပါဝင်ကစားဖို့ သေချာသလောက်ဖြစ်နေပါတယ်။
မက်ဆီက အာဂျင်တီးနားအသင်းရဲ့ ပွဲအများဆုံး၊ ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး (၁၉၄)ပွဲကစားကာ (၁၁၄)ဂိုး သွင်းယူထားပါတယ်။