
ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ မတ်လ(၂၈)နေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ဟာ ဒေသအလိုက် ချန်ပီယံနှစ်သင်း ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့ ဖလားလုပွဲကို ၁၉၈၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့ပေမဲ့ အဲဒီတုန်းက မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း အာတီမီယိုဖရန်ချီကို ဂုဏ်ပြုတဲ့အနေနဲ့ အာတီမီယိုဖရန်ချီဖလားလို့သာ အမည်ပေးခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာလည်း အဲဒီနာမည်နဲ့ပဲ ဆက်လက်ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ လက်ရှိအမည် Finalissima ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းက (၃)ကြိမ်ဆက်နဲ့ (၃)ကြိမ်မြောက်အဖြစ် တောင်အမေရိကကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး စပိန်ကတော့ ဥရောပကိုယ်စားပြုအဖြစ် ပထမဆုံးယှဉ်ပြိုင်ခွင့်ရတာပါ။
၂၀၂၆ Finalissima ပွဲ ကျင်းပမယ့်ကွင်းက ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပခဲ့တဲ့ကွင်းဖြစ်ပြီး အာဂျင်တီးနားအသင်း ချန်ပီယံဆုနဲ့ အောင်ပွဲခံခဲ့တဲ့ကွင်း ဖြစ်ပါတယ်။