Eleven Media Group

အာဆင်နယ်ကစားသမားဟောင်း ဝီလ်ရှိုင်းယား လူတန်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံရ

Photo: Luton Town

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဝီလ်ရှိုင်းယားဟာ League One ကလပ် လူတန်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
ဝီလ်ရှိုင်းယားဟာ အာဆင်နယ်အကယ်ဒမီကို မရောက်ခင်က လူတန်အသင်းရဲ့ လူငယ်စီမံကိန်းမှာ ပါဝင်ခဲ့ဖူးတာကြောင့် နည်းပြအဖြစ် ပြန်လည်လက်တွဲခွင့်ရရှိခြင်းဖြစ်ပါတယ်။
အသက်(၃၃)နှစ်သာရှိသေးတဲ့ ဝီလ်ရှိုင်းယားဟာ ၂၀၂၂ ခုနှစ်မှာ ကစားသမားဘဝက အနားယူပြီးတဲ့နောက် အာဆင်နယ်ယူ-၁၈ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို၊ ပြီးခဲ့တဲ့ ဧပြီလမှာ လိဂ်ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်းရဲ့ ယာယီနည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
လူတန်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ မတ်ဘလွန်းဖီးလ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ဝီလ်ရှိုင်းယားကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ခရစ်ပေါင်ဝဲလ်(၅၆ နှစ်)က ဝီလ်ရှိုင်းယားရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group