
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအပြီးမှာ ခြေစစ်ပွဲအောင်အသင်း(၆)သင်း ထပ်မံထွက်ပေါ်လာခဲ့ပြီး ဒီအသင်းတွေကတော့ အင်္ဂလန်၊ တောင်အာဖရိက၊ ကာတာ၊ ဆော်ဒီ၊ အိုင်ဗရီကို့စ်နဲ့ ဆီနီဂေါတို့ ဖြစ်ပါတယ်။
အင်္ဂလန်က လတ်ဗီးယားကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီးတဲ့နောက် အုပ်စုဒုတိယနေရာက အယ်လ်ဘေးနီးယားကို နှစ်ပွဲအလိုမှာ (၇)မှတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဥရောပဇုန်ကနေ ခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အာရှဇုန်မှာတော့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်တဲ့ (၈)သင်းစလုံး အဖြေပေါ်သွားခဲ့ပြီဖြစ်ပြီး Play-off ယှဉ်ပြိုင်ရမယ့် တစ်နေရာအတွက်တော့ ယူအေအီးနဲ့ အီရတ်တို့ အပြိုင်လုရမှာဖြစ်ပါတယ်။
အာဖရိကဇုန်မှာလည်း တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်တဲ့ (၉)သင်းစလုံး အဖြေပေါ်သွားခဲ့ပြီဖြစ်ပြီး Play-off ယှဉ်ပြိုင်ရမယ့် တစ်နေရာအတွက်တော့ ဂါဘွန်၊ ကွန်ဂို၊ ကင်မရွန်းနဲ့ နိုင်ဂျီးရီးယားတို့ အပြိုင်လုရမှာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း(၄၈)သင်း ပါဝင်တဲ့ပြိုင်ပွဲအဖြစ် ကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ အိမ်ရှင်(၃)သင်းအပါအဝင် ယှဉ်ပြိုင်ခွင့်ရတဲ့အသင်း (၂၈)သင်းအထိ ရှိလာခဲ့ပါပြီ။