
PSG နှင့် စထရာဘိုး (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ စထရာဘိုးအသင်းရဲ့ အရည်အသွေးအစစ်အမှန်ကို စမ်းသပ်ပေးမယ့်ပွဲပါပဲ။ PSG က ဒီရာသီ ပြင်သစ်လိဂ်မှာ နှစ်ပွဲအမှတ်လျော့ထားပေမဲ့ အိမ်ကွင်းမှာတော့ ပွဲတိုင်း ပေးဂိုးတောင်မရှိဘဲ ရာနှုန်းပြည့်အနိုင်ရထားပါတယ်။ PSG အနိုင်သေချာပါတယ်။
အူန်ယွန်းဘာလင် နှင့် မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ)
မိုချန်ဂလာဘတ်က (၆)ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရသေးဘဲ အူန်ယွန်းဘာလင်ကတော့ (၇)မှတ်ရထားပါတယ်။ အူန်ယွန်းဘာလင်ကွင်းမှာ မိုချန် ရုန်းကန်ရတတ်တာကြောင့် အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။
အိုဗီယေဒို နှင့် အက်စ်ပန်ညို (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)
အောက်တိုဘာပွဲမနားခင်အထိတော့ အက်စ်ပန်ညိုက ပိုကောင်းတဲ့အသင်းဖြစ်ကြောင်း ပြသနေပြီး အိုဗီယေဒိုက တန်းဆင်းဇုန်နားကပ်နေပါတယ်။ ဒါပေမဲ့ အက်စ်ပန်ညိုအသင်းက နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ထိပ်တိုက်ဆုံတွေ့တဲ့ပွဲတွေမှာ အိမ်ကွင်းအားသာချက်ကို အသုံးချတတ်တာကြောင့် အိုဗီယေဒိုဘက်က ရပ်တည်ချင်ပါတယ်။