
လိဒ်စ် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)
ဝက်စ်ဟမ်းကို နည်းပြသစ် နူနိုဆန်တို ပြောင်းလဲမပေးနိုင်သေးတာကြောင့် နိုင်ပွဲနဲ့ ဝေးနေတုန်းပါပဲ။ လိဒ်စ်ကလည်း နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားသလို၊ အိမ်ကွင်း(၃)ပွဲဆက်လည်း အမှတ်လျော့ထားပါတယ်။ သရေကျဖို့များတဲ့ပွဲပါ။
ပဲရစ် FC နှင့် နန့်စ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
နှစ်သင်းစလုံး အမှတ်ပေးဇယားအောက်ခြမ်းရောက်နေတဲ့ အသင်းတွေဖြစ်ပြီး (၅)ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ နန့်စ်ထက် ပဲရစ် FC က ပိုကောင်းနေပါတယ်။ အိမ်ရှင်ကိုပဲ ကြိုက်ပါတယ်
၀ါဒါဘရီမင် နှင့် အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ)
ခြေစွမ်းရော ရပ်တည်မှုချင်းပါ သိပ်မကွာခြားတဲ့အသင်းတွေဖြစ်ပြီး ထိပ်တိုက်ဆုံတွေ့မှုမှာ အူန်ယွန်းဘာလင်ကတောင် ပိုအသာရနေပါတယ်။ အမှတ်ခွဲယူရဖို့ များပါတယ်။
ဆိုစီဒက် နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)
ဆိုစီဒက်က တန်းဆင်းဇုန်ထဲ ရောက်နေတဲ့အသင်းဖြစ်ပြီး ဆီဗီလာကတော့ ခြေတွေ့ရင် ဘာစီလိုနာကိုတောင် အနိုင်ယူနိုင်တဲ့ အသင်းမျိုးပါ။ ဒါပေမဲ့ တည်ငြိမ်မှုတော့ မရှိသေးပါဘူး။ အိမ်ကွင်းမှာ ကစားပုံပိုကောင်းတတ်တဲ့ ဆိုစီဒက်ကို ရွေးချင်ပါတယ်။
အေစီမီလန် နှင့် ပီဆာ (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
ဇယားထိပ်ဆုံးက အေစီမီလန်နဲ့ ဇယားအောက်ဆုံးနေရာက ပီဆာအသင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲပါ။ အေစီမီလန်အသင်းက ဒီရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်စရာမလိုတဲ့ အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်အောင် ကြိုးပမ်းနေတယ်။ ရာသီအဖွင့်ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ပြီးနောက်ပိုင်း ခုနစ်ပွဲဆက် (ကိုပါအီတာလီယာတစ်ပွဲပါဝင်) ရှုံးပွဲမရှိ ကစားထားတယ်။ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာ နာပိုလီ၊ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားတို့လို ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့တယ်။ ပီဆာအသင်းကတော့ ခုနစ်ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရသေးဘူး။ တိုက်စစ်က သုံးဂိုးပဲရထားပြီး ခံစစ်ကတော့ ၁၀ ဂိုးအထိ ခွင့်ပြုထားရလို့ မီလန်မြေမှာ ပေးဂိုးမများဖို့ပဲ ကြိုးစားရမှာပါ။ အေစီမီလန်အသင်း ဂိုးပြတ်အနိုင်ရမယ့်ပွဲပါ။