Eleven Media Group

မန်စီးတီးဂိုးသမားဟောင်း စကော့ကာဆန် ကစားသမားဘဝက အနားယူ

Photo: X

မန်စီးတီးအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်ဂိုးသမား စကော့ကာဆန်က ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။
စကော့ကာဆန်ဟာ ၂၀၀၃ ခုနှစ်ကတည်းက လိဒ်စ်အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး လီဗာပူးလ်မှာလည်း ကစားခဲ့ဖူးပါတယ်။
ပွဲအများဆုံးကစားခဲ့တဲ့ ကလပ်အသင်းတွေကတော့ ဒါဘီနဲ့ ဝက်စ်ဘရွန်းတို့ဖြစ်ပြီး မန်စီးတီးကိုတော့ အသက်(၃၄)ဝန်းကျင်မှ ရောက်ရှိလာခဲ့တာပါ။
မန်စီးတီးအသင်းကလည်း အရန်ကစားသမားအဖြစ်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်တာကြောင့် စကော့ကာဆန်အနေနဲ့ မန်စီးတီးအသင်းမှာ (၁၀၇)မိနစ်သာ ကစားခွင့်ရခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့ မန်စီးတီးကစားသမားဘဝမှာ ဆုဖလား(၁၂)ခုရရှိခဲ့ပြီး ဆုကြေးတွေကိုပါ ထည့်တွင်ရင် ပေါင်(၁၂)သန်းလောက်ရရှိခဲ့ကြောင်း သိရပါတယ်။
စေကာ့ကာဆန်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်မှာ မန်စီးတီးနဲ့ လမ်းခွဲပြီးနောက် အသင်းသစ်မရှာဖွေတော့ဘဲ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group