
ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက သူ့အပေါ် လွှမ်းမိုးနိုင်တဲ့ တိုက်စစ်မှူး(၄)ဦးက ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒို၊ စပိန်တိုက်စစ်မှူး ရာအူးလ်၊ အင်္ဂလန်တိုက်စစ်မှူး ရွန်နီနဲ့ တက်ဒီရှရင်ဂမ်တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သလို၊ လတ်တလောမှာ ဂိုးတွေဆက်တိုက်သွင်းယူနေသူလည်းဖြစ်ပါတယ်။
ဟာရီကိန်းကို သူ့အပေါ် လွှမ်းမိုးမှုရှိခဲ့တဲ့ တိုက်စစ်မှူးတွေက ဘယ်သူတွေလဲလို့ က မေးမြန်းခဲ့ရာမှာ ဒီ(၄)ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
''ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒိုပါ။ ၀ိန်းရွန်နီကလည်း ထာဝရအကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ ရာအူးလ်ကိုတော့ ရီးယဲလ်မှာ ကျွန်တော် စောင့်ကြည့်ခဲ့ရပါတယ်။ သူက တကယ်တော်တဲ့ အဆုံးသတ်သမားပါ။ တက်ဒီရှရင်ဂမ်ကတော့ သူနဲ့အတူ ကျွန်တော် ကြီးပြင်းခဲ့တာပါ။ သူက အရမ်းပါးနပ်ထက်မြက်သူဖြစ်ပြီး လူငယ်ကစားသမားဘဝမှာ သူ့ဆီကနေ အများကြီးသင်ယူခဲ့ရပါတယ်'' လို့ ဟာရီကိန်းက ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းက သူ့ရဲ့ ငယ်ဘဝ စံပြကစားသမားကတော့ ဒေးဗစ်ဘက်ခမ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။