Eleven Media Group

ပွဲစဉ်တစ်ခုတည်းမှာ ပရီးမီးယားလိဂ်တန်းတက်သုံးသင်းစလုံး အနိုင်ရခြင်းက ၂၀၂၀-၂၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်

Photo: Premier League

အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၉)မှာ တန်းတက်ကလပ်တွေဖြစ်တဲ့ လိဒ်စ်၊ ဘန်လေနဲ့ ဆန်းဒါးလန်းတို့ သုံးသင်းစလုံး အနိုင်ရရှိခဲ့ပြီး ဒီလိုမျိုး ပွဲစဉ်တစ်ခုတည်းမှာ ပရီးမီးယားလိဂ်တန်းတက်သုံးသင်းစလုံး အနိုင်ရတာဟာ ၂၀၂၀-၂၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ လိဒ်စ်က ဝက်စ်ဟမ်းကို (၂-၁)ဂိုး၊ ဘန်လေက ဝုလ်ဗ်ကို (၃-၂)ဂိုး၊ ဆန်းဒါးလန်းက ချယ်လ်ဆီးကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
၂၀၂၀-၂၁ ရာသီတုန်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)မှာ တန်းတက်ကလပ် သုံးသင်းဖြစ်တဲ့ ဝက်စ်ဘရွန်း၊ လိဒ်စ်နဲ့ ဖူလ်ဟမ်တို့ တစ်ပြိုင်နက် အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီရာသီမှာ လိဒ်စ်တစ်သင်းတည်းသာ ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့ပါတယ်။
ဒီရာသီမှာ လိဒ်စ်နဲ့ ဘန်လေတို့က တန်းဆင်းဇုန်နား ရပ်တည်နေပေမဲ့ ဆန်းဒါးလန်းအသင်းကတော့ အဆင့်(၄)နေရာအထိ ရောက်ရှိနေပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၉) အပြီးမှာ (၁၇)မှတ်ရရှိထားတာကြောင့် ၂၀၀၈-၀၉ ရာသီက အမှတ်(၂၀)ရယူနိုင်ခဲ့တဲ့ ဟားလ်စီးတီးအသင်းနောက်ပိုင်း တန်းတက်အသင်းတွေထဲမှာ ရာသီအဖွင့် စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group