Eleven Media Group

(၂၁)ရာစုအတွင်း El Clasico မှာ (၄)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် ဘာပေ မှတ်တမ်းဝင်

Photo: Goal

ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ (၂၁)ရာစုအတွင်း El Clasico မှာ (၄)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဘာပေဟာ မနေ့က ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ El Clasico ပွဲမှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အခုလို မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူ့အရင် (၄)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သူတွေကတော့ ရော်နယ်လ်ဒင်ဟိုနဲ့ စီရော်နယ်လ်ဒိုတို့ ဖြစ်ပါတယ်။
ရီးယဲလ်ကစားသမားဟောင်း စီရော်နယ်လ်ဒိုက (၆)ပွဲဆက်တိုက် စုစုပေါင်း(၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာကစားသမားဟောင်း ရော်နယ်လ်ဒင်ဟိုက (၄)ပွဲဆက်တိုက် စုစုပေါင်း(၅)ဂိုး သွင်းယူခဲ့တာပါ။
ဘာပေကတော့ (၄)ပွဲဆက်တိုက် (၆)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ El Clasico ပွဲကလွဲရင် ကျန်တဲ့(၄)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘာပေရဲ့ ရီးယဲလ်အသင်းဖော် ဘယ်လင်ဂမ်ကလည်း မနေ့ကပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် (၂၁)ရာစုအတွင်း El Clasico မှာ အဲဒီလိုစွမ်းဆောင်နိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် (၂၂ နှစ်၊ ၁၁၉ ရက်)နဲ့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
သမိုင်းတစ်လျှောက်ဆိုရင်တော့ El Clasico မှာ (၄)ပွဲဆက်ဂိုးသွင်းနိုင်တဲ့သူ (၇)ဦးရှိပြီး ဇာမိုရာနို၊ ဗင်းဆင့်တေးမာတီနက်ဇ်၊ ဆိုင်မွန်လီကူးနဲ့ ဂျီယိုဗန်နီတို့က (၂၁)ရာစုမတိုင်ခင်မှာ သွင်းယူခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group