
မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ဟာ ပရီးမီးယားလိဂ်ဂုဏ်ထူးဆောင်စာရင်း Hall of Fame မှာ ထည့်သွင်းခံခဲ့ရကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် Hall of Fame ကို ၂၀၂၀ ခုနှစ်မှာ စတင်ဖန်တီးခဲ့ပြီး ၂၀၂၁ ခုနှစ်က စတင်ကာ နှစ်အလိုက် ကစားသမားတွေ ရွေးချယ်ထည့်သွင်းခဲ့တာပါ။
လက်ရှိအချိန်အထိ ဂယ်ရီနဗီးလ်အပါအဝင် ကစားသမား(၂၃)ဦး ရွေးချယ်ထားပြီး ဒီကစားသမားတွေကတော့ အလန်ရှီးယား၊ အွန်နရီ၊ ကန်တိုနာ၊ ရွိုင်ကိန်း၊ လမ်းပတ်၊ ဘားကမ့်၊ ဂျရတ်၊ ဘက်ခမ်၊ ရွန်နီ၊ ဗီယာရာ၊ အဂွဲရိုး၊ ဒရော့ဘာ၊ ကွန်ပနီ၊ ပီတာရှမိုက်ကယ်၊ ပေါလ်စခိုးလ်၊ အီယန်ရိုက်၊ တိုနီအဒမ်စ်၊ ပီတာချက်၊ ရီယိုဖာဒီနန်၊ အက်လ်ရှ်လေကိုးလ်၊ အန်ဒီကိုးလ်၊ ဂျွန်တယ်ရီနဲ့ ဂယ်ရီနဗီးလ်တို့ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် နောက်ထပ်ကစားသမားတစ်ဦး ထပ်မံရွေးချယ်သွားမှာဖြစ်ပြီး အဲဒီကစားသမားရဲ့ အမည်ကို လာမယ့်ရက်သတ္တပတ်အတွင်း ကြေညာသွားမယ်လို့ သိရပါတယ်။
ဂယ်ရီနဗီးလ်ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ(၄၀၀)ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၈)ကြိမ်ရရှိထားတဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရတာပါ။
ပရီးမီးယားလိဂ် Hall of Fame မှာ နည်းပြတွေထဲကတော့ မန်ယူနည်းပြဟောင်း ဖာဂူဆန်နဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးတို့နှစ်ဦးသာ ရွေးချယ်ခံထားရကြောင်း သိရပါတယ်။