Eleven Media Group

၂၀၂၄-၂၅ ရာသီမှာ PSG အသင်း စံချိန်တင်ဝင်ငွေ ယူရို(၈၃၇)သန်းရရှိ

Photo: X

PSG အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ စံချိန်တင်ဝင်ငွေအဖြစ် ယူရို(၈၃၇)သန်း ရရှိခဲ့ကြောင်း သိရပါတယ်။
PSG အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးအောင်ပွဲရရှိခဲ့တာကြောင့် ဝင်ငွေမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ကနေ ယူရိုသန်း(၁၅၀)ဝန်းကျင် ရရှိခဲ့ကြောင်းလည်း သိရပါတယ်။
PSG အသင်းဟာ စီးပွားရေးဆိုင်ရာဝင်ငွေ ယူရို(၃၆၇)သန်းရှိခဲ့ပြီး ကွင်းဝင်ကြေးကနေ ယူရို(၁၇၅)သန်း ရရှိခဲ့တာဖြစ်ပြီး အရင်နှစ်က ရရှိခဲ့တဲ့ စုစုပေါင်းဝင်ငွေ ယူရို(၈၀၆)သန်းထက်မြင့်တက်ခဲ့တာကြောင့် စံချိန်သစ်ဖြစ်ခဲ့တာပါ။
ဒါ့အပြင် ၂၀၂၄-၂၅ ရာသီမှာ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့နောက် တတိယဝင်ငွေအကောင်းဆုံး ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
PSG အသင်းဟာ အိမ်ကွင်းပွဲစဉ် (၁၇၀)ပွဲဆက်တိုက် လက်မှတ်တွေ အကုန်အစင်ရောင်းချခဲ့ရပေမဲ့ ကွင်းဝင်ဆံ့တဲ့ ပရိသတ်အရေအတွက်က (၄၇၀၀၀)ဝန်းကျင်သာရှိတာကြောင့် ဝင်ငွေတွေ တိုးသင့်သလောက်မတိုးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် အခုလို စံချိန်တင်ဝင်ငွေရရှိခဲ့ပေမဲ့ ယူရိုသန်း(၆၀)လောက် အရှုံးပေါ်ခဲ့သေးကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group