
အင်တာမီလန်ဂိုးသမား ဂျိုးဆက်မာတီနက်ဇ်ရဲ့ကားနဲ့ တိုက်မိခဲ့တာကြောင့် အသက်(၈၁)နှစ်အရွယ် လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဒီဖြစ်ရပ်က မနေ့က မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂျိုးဆက်မာတီနက်ဇ်အနေနဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်စဉ် လျှပ်စစ်ဝှီးချဲလ်ပေါ်မှာ ရှိနေတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ကို ကားနဲ့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျိုးဆက်မာတီနက်ဇ်က ကားပေါ်ကဆင်းပြီး အဲဒီလူကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ အရေးပေါ်ကား ရောက်မလာခင်မှာပဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အင်တာမီလန်အသင်းက အဲဒီနေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပေမဲ့ မတော်တဆဖြစ်ရပ်အတွက် မှတ်ချက်ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။
ဂျိုးဆက်မာတီနက်ဇ်(၂၇ နှစ်)ဟာ စပိန်ဂိုးသမားဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ဂျီနိုအာကနေ အင်တာမီလန်ကို ရောက်ရှိကာ ဒုတိယဂိုးသမားအဖြစ် ရပ်တည်နေသူပါ။
လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။