
ရိုးမား နှင့် ပါးမား (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၂းဝ၀ နာရီ)
ပါးမားက ဒီရာသီ စီးရီးအေမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး နောက်ဆုံးသုံးပွဲဆက်လည်း နိုင်ပွဲပျောက်ထားပါတယ်။ ဒါ့အပြင် အဲဒီသုံးပွဲစလုံး ဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။ ရိုးမားကလည်း ဇယားထိပ်ပိုင်းရောက်နေပေမဲ့ ခြေစွမ်းက မှန်းရခက်ပါတယ်။ နောက်ဆုံးအိမ်ကွင်းသုံးပွဲဆက်လည်း ရှုံးနိမ့်ထားပါတယ်။ ဂိုးနည်းတဲ့သရေပွဲ ဖြစ်နိုင်ပါတယ်။
ဂျူဗင်တပ်စ် နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၂းဝ၀ နာရီ)
နည်းပြ တူဒေါကို ရာထူးက ထုတ်ပယ်ထားတဲ့ ဂျူဗင်တပ်စ်အသင်း ယာယီနည်းပြနဲ့သာ ယှဉ်ပြိုင်ရဦးမှာဖြစ်တာကြောင့် အပြောင်းအလဲတော့ သိပ်မရှိနိုင်သေးပါဘူး။ လတ်တလောမှာ အူဒီးနီးစ်က ဂျူဗင်တပ်စ်ထက် ရလဒ်ပိုကောင်းနေပေမဲ့ ထိပ်တိုက်ဆုံတွေ့ရင် ရလဒ်ကောင်းတာ ရှားပါတယ်။ အိမ်ရှင် ဂျူဗင်တပ်စ်နဲ့ စွန့်စားကြည့်ချင်ပါတယ်။
အင်တာမီလန် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)
ဖီအိုရင်တီးနားက ပွဲစဉ်(၈)ပြီးတဲ့အထိ နိုင်ပွဲမရသေးဘဲ တန်းဆင်းဇုန်ထဲ ရောက်ရှိနေပါတယ်။ အင်တာမီလန်ကတော့ ဇယားထိပ်ပိုင်းမှာ ရှိနေသလို၊ ပွဲကျပ်တွေကြားမှာပဲ နိုင်ပွဲတွေ ယူနိုင်တာကို တွေ့ရပါတယ်။ အင်တာမီလန် အနိုင်သေချာပါတယ်။
◘ အခြားပွဲများ
ကိုမို - ဗီရိုနာ
* ဘိုလော့ဂ်နာ - တိုရီနို
* ဂျီနိုအာ - ခရီမိုနီိဆီ