
ကာရာဘတ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၂း၁၅ နာရီ)
ချန်ပီယံလိဂ်မှာ နှစ်သင်းစလုံး (၆)မှတ်စီ ရရှိထားကြပြီး ပြည်တွင်း အဇာဘိုင်ဂျန်ပရီးမီးယားလိဂ်မှာလည်း ကာရာဘတ်က ခြေစွမ်းပြနေပါတယ်။ အိမ်ကွင်းမှာ ခံစစ်ကလည်း ပိုမာကျောပေမဲ့ ချယ်လ်ဆီးကလည်း ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည် ကောင်းမွန်နေပါတယ်။ အင်အားချင်း ကွာခြားတဲ့ အသင်းတွေဖြစ်တာကြောင့် ချယ်လ်ဆီးအသင်း ဂိုးပြတ်အနိုင်ရဖို့ မခက်ပါဘူး။
ကလပ်ဘရုဂေး နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၃၀ နာရီ)
ကလပ်ဘရုဂေးက ချန်ပီယံလိဂ်နောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးခဲ့ပြီး ဘာစီလိုနာကတော့ အိုလံပီယာကော့စ်ကို ဂိုးဒါဇင်ဝက် သွင်းခဲ့ပါတယ်။ ကလပ်ဘရုဂေးအသင်း ပြည်တွင်းမှာ နိုင်ပွဲဆက်နေပေမဲ့ ဘာစီလိုနာကိုတော့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဘာစီလိုနာ ဂိုးဘယ်လောက်သွင်းမလဲဆိုတာပဲ ကြည့်ရမှာပါ။
အင်တာမီလန် နှင့် ကိုင်ရတ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဒီပွဲကတော့ အင်တာမီလန်အသင်း (၄)ဂိုးသွင်းနိုင်ပါ့မလားဆိုတာ စပြီး စဉ်းစားရမလို ဖြစ်နေပါတယ်။ ကာဇက်စတန်ကလပ် ကိုင်ရတ်က ပါဖိုးစ်နဲ့ ဂိုးမရှိသရေကျခဲ့ပေမဲ့ စပို့တင်းလစ္စဘွန်းကို (၁-၄)ဂိုး၊ ရီးယဲလ်မက်ဒရစ်ကို (၀-၅)ဂိုးနဲ့ ရှုံးထားတာကြောင့်ပါ။ အင်တာမီလန်က ချန်ပီယံလိဂ်မှာ (၃)ပွဲစလုံးအနိုင်ရထားပြီး (၉)ဂိုးသွင်းထားပါတယ်။ ဒါကြောင့် ဒီပွဲမှာ အင်တာမီလန် ဂိုးမိုးရွာနိုင်လိမ့်ဦးမယ်လို့ပဲ ယူဆပါတယ်။
မန်စီးတီး နှင့် ဒေါ့မွန် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၃၀ နာရီ)
လတ်တလောချန်ပီယံလိဂ်စွမ်းဆောင်ရည်မှာတော့ ဒေါ့မွန်က မန်စီးတီးထက်တောင် ပိုကောင်းနေပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ နိုင်ပွဲဆက်နေပြီး နာပိုလီ၊ မန်ယူတို့ကို ဂိုးပြတ်အနိုင်ယူထားတဲ့ မန်စီးတီးကို ဒေါ့မွန် ခုခံနိုင်ဖို့ မလွယ်ပါဘူး။ မန်စီးတီးကိုပဲ ရွေးချင်ပါတယ်။
နယူးကာဆယ် နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၃၀ နာရီ)
နယူးကာဆယ်အသင်းက နိုင်ပွဲတွေဆက်နေပြီးမှ ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးပြီး အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။ ဒီရာသီ နယူးကာဆယ်ရဲ့ခြေစွမ်းက မှန်းရခက်နေဆဲလို့ ဆိုရမှာပါ။ ဒါပေမဲ့ ဘီလ်ဘာအိုကလည်း လာလီဂါမှာ နှစ်ပွဲဆက်ရှုံးထားတာကြောင့် နယူးကာဆယ်အသင်း အိမ်ကွင်းမှာ နိုင်ပွဲဆက်ဖို့ အလားအလာများပါတယ်။
အခြားပွဲများ
ပါဖိုးစ် - ဗီလာရီးယဲလ် *
* အေဂျက်စ် - ဂါလာတာစာရေး
ဘင်ဖီကာ - လေဗာကူဆင် *
* မာဆေးလ် - အတ္တလန်တာ