
တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီကို (၄)လအငှားနဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ပုံမှန်ရာသီ ပြီးဆုံးသွားပြီဖြစ်ပြီး ရာသီသစ်က လာမယ့်နှစ် မတ်လဝန်းကျင်မှာမှ ပြန်လည်စတင်မှာပါ။
ဒါကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပွဲတွေ အဆက်မပြတ်ယှဉ်ပြိုင်ကစားခွင့်ရရှိစေဖို့အတွက် ဆော်ဒီလိဂ်မှာ သွားရောက်ကစားဖို့ စိတ်ကူးခဲ့ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သတင်းထွက်ခဲ့ပါတယ်။
အခု ဂါလာတာစာရေးအသင်းက မက်ဆီ စိတ်ကူးထားတဲ့အတိုင်း (၄)လတာအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂါလာတာစာရေးအသင်းက မက်ဆီကို မကြာခင် တရားဝင်ကမ်းလှမ်းဖို့ စီစဉ်နေပြီး အင်တာမိုင်ယာမီအသင်းမှာ တစ်နှစ်တာအတွက် လာစာပေါင်(၁၅)သန်းရရှိနေတဲ့ မက်ဆီကို (၄)လတာအတွက် အဲဒီနှုန်းထားအတိုင်း ပေးချေသွားဖို့ အသင့်ရှိနေကြောင်းလည်း နာမည်ကျော် တူရကီအားကစားမီဒီယာ fotoMac က ဖော်ပြခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ လက်ရှိအချိန်မှာ တူရကီစူပါလိဂ်ကို ဦးဆောင်နေပြီး ချန်ပီယံလိဂ်မှာလည်း နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ကြောင်း သိရပါတယ်။