
ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်က သူ့ရဲ့ ပေါင်ခြံဒဏ်ရာနဲ့ ပတ်သက်ပြီး အလိမ်အညာသတင်းများစွာရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ယမားလ်(၁၈ နှစ်)ဟာ ယခုရာသီအတွင်း ဒဏ်ရာပြဿနာတွေကြောင့် ကလပ်နဲ့ နိုင်ငံလက်ရွေးစင်ပွဲ ခုနစ်ပွဲအထိ လွဲချော်ခဲ့ရပါတယ်။
''ကျွန်တော် ကောင်းပါတယ်။ တချို့အရာတွေကို မဖတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ဒဏ်ရာအကြောင်း သတင်းတွေ အမြောက်အမြားပြောကြားခဲ့ကြတယ်။ ဒါက ဝမ်းနည်းစရာတော့ ကောင်းပါတယ်။ ဒါတွေက အလိမ်အညာတွေပါပဲ'' လို့ ယမားလ်က ပြောကြားခဲ့တာပါ။
ယမားလ်ဟာ ကလပ်ဘရုဂေးအသင်းနဲ့ သုံးဂိုးစီ သရေကျတဲ့ပွဲမှာ ဘာစီလိုနာအသင်းအတွက် ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့ပြီးနောက် သူ့ရဲ့ သွင်းဂိုးကို လက်ရှိ မေဂျာလိဂ်မှာ ကစားနေတဲ့ ဘာစီလိုနာကစားသမားဟောင်း မက်ဆီ သွင်းယူတဲ့ပုံစံနဲ့ ခိုင်းနှိုင်းခံနေရကြောင်းလည်း သိရပါတယ်။
ယမားလ်ဟာ ကလပ်ဘရုဂေးနဲ့ပွဲမှာ ဘယ်လ်ဂျီယံပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ဆက်တိုက်ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရပါတယ်။