Eleven Media Group

ကင်မရွန်းနဲ့ နိုင်ဂျီးရီးယားကို အနိုင်ယူပြီး DR ကွန်ဂိုအသင်း Play-offs နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရရှိ

Photo: X

DR ကွန်ဂိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဖရိကဇုန် Play-offs အဆင့်မှာ ကင်မရွန်းနဲ့ နိုင်ဂျီးရီးယားတို့ကို အနိုင်ယူကျော်ဖြတ်ပြီး နောက်ဆုံးအဆင့် Play-offs(Inter-Confederation Play-offs) ကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဖရိကဇုန်ကနေ (၉)သင်း တိုက်ရိုက်ဝင်ခွင့်ရရှိပြီး မော်ရိုကို၊ တူနီးရှား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ ဂါနာ၊ ကိတ်ဗာဒီ၊ တောင်အာဖရိက၊ ဆီနီဂေါနဲ့ အိုင်ဗရီကို့စ်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
Inter-Confederation Play-offs ယှဉ်ပြိုင်ခွင့်အတွက် အကောင်းဆုံးအုပ်စုဒုတိယ(၄)သင်းဖြစ်တဲ့ ဂါဘွန်၊ DR ကွန်ဂို၊ ကင်မရွန်းနဲ့ နိုင်ဂျီးရီးယားတို့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ DR ကွန်ဂိုက ဆီမီးဖို်င်နယ်မှာ ကင်မရွန်း၊ ဖိုင်နယ်မှာ နိုင်ဂျီးရီးယားကို အနိုင်ယူပြီး ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။
အင်တာကွန်ဖက်ဒရေးရှင်း Play-offs မှာ အာရှကိုယ်စားပြုတစ်သင်း၊ အာဖရိကကိုယ်စားပြုတစ်သင်း၊ တောင်အမေရိကကိုယ်စားပြုတစ်သင်း၊ သမုဒ္ဒရာပိုင်းကိုယ်စားပြုတစ်သင်းနဲ့ ကွန်ကာကပ်ဖ်ကိုယ်စားပြုနှစ်သင်း ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်းနှစ်သင်း ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
လောလောဆယ် အင်တာကွန်ဖက်ဒရေးရှင်း Play-offs ယှဉ်ပြိုင်ခွင့်ကို DR ကွန်ဂို၊ ဘိုလီးဗီးယားနဲ့ နယူးကယ်လီဒိုးနီးယားတို့ရရှိထားပြီး အာရှနဲ့ ကွန်ကာကပ်ဖ်ကိုယ်စားပြုအသင်းတွေကတော့ အဖြေမထွက်သေးပါဘူး။
ဒီအဆင့်ကို မက္ကဆီကိုနိုင်ငံမှာ ၂၀၂၆ မတ်လအတွင်း ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group